Main menu

မအူပင်မြို့နယ် ၂၀၂၅-၂၀၂၆ မိုးစပါး စိုက်ပျိုးပြီးစီးမှု အခြေအနေ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိက ဆောင်ရွက်လျက်ရှိရာ  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့် များကိုစိုက်ပျိုးလျက်ရှိပြီး  မိုးစပါးလျာထားဧက (၁၄၁၂၆၉) ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။ စိုက်ပျိုးထွက်ရှိသော စပါးများကို မအူပင်မြို့နယ် ဆန်စက်ကြီးများမှ အဆင့်မြင့်စွာ ကြိတ်ခွဲပြီး ရန်ကုန်သို့ တင်ပို့လျက်ရှိသည်။

    မအူပင်မြို့နယ်အတွင်း  စိုက်ပျိုးသော စပါးများမှာ GW-11 စပါး၊ ရက်၉၀စပါး၊ ဆင်းသုခ စပါး၊ ကရင်မစပါး၊ မနောသုခစပါး၊ စဖိုးသာ စပါးများကို စိုက်ပျိုးကြောင်း သိရသည်။ ယခုနှစ် စပါးမျိုးများ ကို  ပျိုးထောင်စိုက်ပျိုးခြင်း ၁၄၄၅၂ ဧက၊ အစေ့ချ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့်စိုက်ပျိုးခြင်း ၅၂၅၆၅ ဧက ကျဲခင်း ၆၆၃၃ ဧက ၊  ကောက်စိုက် ခြင်း ၈၂၀၇၁ ဧက လျာထား ဧကပြည့်မီ စွာ  စိုက်ပျိုး ပြီးစီး ပြီဖြစ်ကြောင်းသိရသည်။

   မအူပင်မြို့နယ်  မိုးစပါး တစ်ဧကပန်းတိုင်ထွက်ရှိအောင် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း ကူညီ ပံ့ပိုးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊  မျိုးစေ့ထုတ်စိုက်ခင်းများကို အချိန်မီစိုက်ပျိုးပြီးစီးနိုင်ရေးတို့အား ကြိုးစားဆောင်ရွက်လျက်ရှိပြီး၊ ထွက်ရှိသော စပါးများကို ဆန်စက်များမှ အရည်အသွေးပြည်မှီစွာ ကြိတ်ခွဲနိုင်ရေး စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး တောင်သူလယ်သမားများနှင့် အစိုးရဌာနများက ပူးပေါင်းကာ မိုးစပါးလျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

DOCA(ဧရာဝတီ)