
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှစစ်ဆေးရေးမှူး ဦးသန့်ဇင်(ဦးစီးအရာရှိ)သည် မြို့နယ်စည်ပင် သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံ စားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံ စားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ် ပါက စားအုန်းဆီနှင့် ကြက်သွန်ဖြူ(ကြူကုတ်)တို့ ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပါသည်။ ယင်းသို့ စားအုန်းဆီဈေးနှုန်း ကျဆင်းရခြင်းမှာ ထိုင်း(ဘတ်)ငွေဈေးနှုန်းကျဆင်းခဲ့သောကြောင့်လည်းကောင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မှအဝင်များပြီးဝယ်လိုအားနည်းသော ကြောင့်ဖြစ်ပါသည်။ ဆား၊ မန်ကျည်းသီး၊ ပဲတောင့်ရှည်နှင့် ခရမ်းချဉ်သီး ဈေးနှုူန်းအနည်းငယ်မြင့် တက်ခဲ့ပါသည်။ ယင်းသို့ ဆားနှင့် မန်ကျီးသီးတို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဝယ်ရင်းဈေးမြင့်တက် ခဲ့သောကြောင့်လည်းကောင်း၊ ပဲတောင့်ရှည်နှင့် ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်ရခြင်းမှာ ရာသီပေါ် ထွက်ချိန်မဟုတ်သောကြောင့်ဖြစ်ပါသည်။ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ် လျက်ရှိပါသည်။
ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံး သူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုလိုက်နာဆောင်ရွက် ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)