Main menu

မအူပင်မြို့နယ် ဆန်/စပါး သိုလှောင်ရုံများမှ MyRo တွင် စပါး ဆန်လက်ကျန် Update စာရင်းများ ဖြည့်သွင်း ဆောင်ရွက်လျက်ရှိ

Powered by Drupal

   မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ခရိုင်ဦးစီးမှူးရုံးတို့၏ ညွှန်ကြားချက် များအတိုင်းဆောင်ရွက်လျက်ရှိပြီး MyRo တွင် သိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိပါသည်။ မအူပင်မြို့နယ် အနေဖြင့် ကုမ္ပဏီ၊ လူ/ လူပုဂ္ဂိုလ်၊ လုပ်ငန်းရှင် စုစုပေါင်း ၃၆လုံး မှတ်ပုံတင်ဆောင် ရွက်ထားပြီးဖြစ်သည်။ လစဉ် လဆန်း ၇ရက်အတွင်း သိုလှောင်ရုံများမှ စပါး၊ ဆန် လက်ကျန်စာရင် များကို လည်း လုပ်ငန်းများကိုယ်တိုင် MyRo စာရင်းရေးသွင်းဆောင်ရွက်နိုင်ရန် မြို့နယ်ဦးစီးမှူးရုံးမှ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။

      ၂၀၂၅ခုနှစ် ဩဂုတ်လအတွင်း မှတ်ပုံတင်သက်တမ်းတိုးရန် ၁နှစ်ပြည့်မှီ ရှိသူ လုပ်ငန်းရှင်တစ်ချို့ကလည်း မှတ်ပုံတင်သက်တမ်းတိုးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ မအူပင်မြို့နယ် ဇူလိုင်၊ဩဂုတ်လ ဆန်/စါး လက်ကျန်စာရင်းအရ ကျေးရွာအုပ်စု (၇၆)အုပ်စုရှိပြီး၊ လူဦးရေ ၃၀၉၇၈၉ နှင့် ဇူလိုင်လ စပါးလက်ကျန်အနေဖြင့် တောင်သူ စပါးတင်း  ၂၀၆၈၉၀၀၊ ဆန် ၂၈၆၅၀ အိတ်၊  စာရင်းတင်ထားကြောင်း မြို့နယ်အနေဖြင့်လည်း ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းများကို ဆက်လက်လုပ်ဆောင်သွား မည်ဖြစ် ကြောင်း  သိရသည်။

DOCA(ဧရာဝတီ)