
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဒေါ်သီသီထွေး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၈-၈-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းသုံးဆီ လာရောက်လျှောက်ထားသော တောင်ကြီးမြို့၊ ညို့မိးကျေးရွာရှိ "ကျော်ဇော" လက်ဖက်နှင့် ပဲကြော်လုပ်ငန်းသို့ မြေပြင်တွင် လုပ်ငန်းအမှန်တကယ်လည်ပတ်ခြင်းရှိ/မရှိ၊ မြေပြင်တွင် ဆီလိုအပ်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အိမ်တွင်းမှုတစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သော လက်ဖက်နှင့် ပဲကြော်လုပ်ငန်သည် ယခင်က စားအုန်းဆီများကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူ၍ ရောင်းချနေရသဖြင့် လုပ်ငန်းအတွက် အဆင်ပြေမှု မရှိကြောင်း၊ စက်မှုလုပ်ငန်းသုံးစားအုန်းဆီရရှိပါက လုပ်ငန်းကိုပိုမိုတွင်ကျယ်စွာ ထုတ်လုပ်လာနိုင်ပြီး ဈေးကွက်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိအချိန်တွင် ၎င်းတို့ထုတ်လုပ်သော ပဲကြော်များကို တောင်ကြီးမြို့ပေါ်တွင်သာမက အနီးဝန်းကျင်မြို့များဖြစ်သော အေးသာယာ၊ ရွှေညောင်၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်း၊ လွိုင်လင်၊ ဟိုပုံး စသည့် မြို့များသို့ အများဆုံး တင်ပို့ရောင်းချကြောင်း၊ မြေပြင်တွင် လုပ်ငန်းအမှန်တကယ်လည်ပတ်ပြီး လုပ်ကိုင်နေကြောင်း၊ စက်မှု လုပ်ငန်းသုံးစားအုန်းဆီခွဲတမ်းရရှိလျှင် ပို၍အဆင်ပြေကြောင်း၊ စားအုန်းဆီဈေးနှုန်း သင့်တင့်စွာ ဝယ်ယူရလျှင် စားသုံးသူများအပေါ် ပို၍ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင် ကြောင်း ပဲကြော်လုပ်ငန်းရှင်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA(ရှမ်း)