
(၁၄.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၄၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးရှိဆေးဆိုင်တွင် ဆေးရောင်းချနေခြင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးမှ ဈေးတာဝန်ခံ ပူးပေါင်းပါဝင်လျက် ရောင်းချနေသောဆေးဝါးများမှာ အဖျားပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ နှာစီးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အရောင်ချဆေး၊ သွေးကျဲဆေး၊ အစာအိမ်ဆေး၊ အကိုက်အခဲပျောက်ဆေးတို့ကို ရောင်းချပါကြောင်း၊ ဆေးဝါးများလည်းပြတ်လပ်မှုမရှိပါကြောင်း၊ ယခုကာလသည် တုတ်ကွေးရာသီဖြစ်သောကြောင့် နှာစီး၊ ချောင်းဆိုး၊ အဖျားပျောက်ဆေးများ ပိုမိုအရောင်းသွက်ပါကြောင်း ဝယ်ယူရာတွင်လည်း အဆင်ပြေစေရန် ဆောင်ရွက်ထားပါကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)