Main menu

ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းတာဝန်များတွင် ဈေးကွက်စစ်ဆေးခြင်းလုပ်ငန်း သည်တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဈေးကွက်စစ်ဆေးခြင်းလုပ်ဆောင်ရာတွင် ကျောင်းမုန့် ဈေးတန်းဈေးသည်များသည်အဓိကဈေးကွက်တစ်ခုအဖြစ်သတ်မှတ်ရပေမည်။

     ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးမှူးရုံး၏စီမံဆောင်ရွက်မှုဖြင့် (၇-၈-၂၀၂၅) ရက်နေ့ တွင် ရွှေညောင် အ.ထ.က သို့စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်း ပလိုကြောင်း ချိတ်ဆက်မေးမြန်းခဲ့ရာ၁၂-၈-၂၀၂၅ရက်နေ့ နံနက် ၁၀:နာရီအချိန်တွင် လက်ခံ ကျင်းပရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျောင်းကျန်းမာရေးကော်မတီနှင့် ကျောင်းအကျိုးတော်ဆောင်များဖိတ်ကြားထားရန်နှင့် အသံချဲ့စက်၊ Projectorဖြင့်တင်ပြရန်၊ ပြင်ဆင် ထားရှိပေးရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည့်(၁၂.၈.၂၀၂၅) ရက်နေ့တွင် ရွှေညောင်(အ.ထ.က) ကျောင်းရှိ မုန့်ဈေးတန်းများအား ကျောင်းကျန်းမာရေးကော်မတီနှင့်ပူးပေါင်း၍ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသောမုန့်များ၊ ဒေသထွက်မုန့်များ၊ သီးနှံများရောင်းချနေကြောင်းသိရပါသည်။ ကျောင်းမုန့်ဈေးတန်းရောင်းချသူများကိုကျောင်းသူကျောင်းသားများသည် ထိလွယ် ခိုင်လွယ်သည့် အသက်အရွယ်နှင့် ဦးစားပေးဂရုစိုက်ဆက်ဆံရသည့်ပတ်ဝန်းကျင်တစ်ခုဖြစ်ရာ ရောင်းချသည့် ကုန်စည်နှင့်ပတ်သက်၍ ချို့ယွင်းအားနည်းမှု၊ ဘေးအန္တရာယ်ဖြစ်စေနိုင်မှုများ ကင်းလွတ် သည့်ကုန်စည်များသာ ရောင်းချရန်ရှင်းလင်းဆွေးနွေးခြင်း၊ ကျောင်းကျန်းမာရေးကော်မတီမှလည်း ကြီးကြပ်စစ်ဆေး ကူညီဆောင်ရွက်ပေးပါရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)