
ကျွန်းလှမြို့နယ်တွင် ပန်းမျိုးစုံရောင်းချသည့် ဆိုင်များတွင် နှင်းဆီပန်းအရောင်မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ဂမုန်းပန်းများ ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခု ဩဂုတ်လ ဒုတိယပတ်တွင် နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်း(၅)ခက်ပါ တစ်စီးလျှင် (၁၂၀၀)ကျပ်၊ (၁၀)စီးတစ်ထုံးလျှင်(၁၁၀၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း အလားတူပင် ပန်တိမ်ငို (ခေါ်)ပန်တိမ်မနိုင်ပန်းများ၏ ဈေးနှုန်းအနေဖြင့် ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်း(အဖြူရောင်/ခရမ်း ရောင်)အခက်အကြီး(၃)ခက်ပါတစ်စည်းလျှင်(၇၀၀) အခက်သေး(၃)ခက်ပါ တစ်စည်းလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်လျက် ရှိပါကြောင်း သိရသည်။
DOCA(စစ်ကိုင်း)