ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နှင်းပန်း နှင့် ပန်းတိမ်ငိုပန်း

Powered by Drupal

  ကျွန်းလှမြို့နယ်တွင် ပန်းမျိုးစုံရောင်းချသည့် ဆိုင်များတွင် နှင်းဆီပန်းအရောင်မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ဂမုန်းပန်းများ ရောင်းချလျက်ရှိကြောင်း သိရသည်။

   ယခု ဩဂုတ်လ ဒုတိယပတ်တွင် နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်း(၅)ခက်ပါ တစ်စီးလျှင် (၁၂၀၀)ကျပ်၊ (၁၀)စီးတစ်ထုံးလျှင်(၁၁၀၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း အလားတူပင်  ပန်တိမ်ငို (ခေါ်)ပန်တိမ်မနိုင်ပန်းများ၏ ဈေးနှုန်းအနေဖြင့် ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်း(အဖြူရောင်/ခရမ်း ရောင်)အခက်အကြီး()ခက်ပါတစ်စည်းလျှင်(၇၀၀အခက်သေး()ခက်ပါ တစ်စည်းလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့်  အရောင်း အဝယ်ဖြစ်လျက် ရှိပါကြောင်း သိရသည်။

DOCA(စစ်ကိုင်း)