Main menu

မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ စားသောက်ဆိုင်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များအား CCTV မှတ်တမ်းထားရှိရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံး မှ အကြီတန်းစာရေး ဦးရန်နိုင်ဖြိုးသည် (၁၄.၈.၂၀၂၅) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်သောအဖွဲ့ဖြင့် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း ပေါ်ရှိ စားသောက်ဆိုင်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များအား CCTV မှတ်တမ်းထားရှိရေး အတူပူးပေါင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် ဒု-ခရိုင်ဦးစီးမှူးက မိမိတို့ဆိုင်တွင် တပ်ထားသော CCTV များသည် ဆိုင်ထဲတွင်သာမက ဆိုင်၏ရှေ့မျက်နှသာလမ်း အထိမြင်နိုင်ရန် တပ်ဆင်ထားရှိရန်လိုဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သော CCTV  များတပ်ဆင်ကြရန်လိုကြောင်းနှင့် ထိုသို့တပ်ဆင်ထားရှိခြင်းအားဖြင့် မိမိတို့ဆိုင်နှင့်မိမိပတ်ဝန်းကျင် လုံခြုံစိတ်ချရသည့်အပြင် နိုင်ငံတော်၏လုံခြုံရေးအား ပူးပေါင်းပါဝင်ရာ ရောက်မည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)