Main menu

ပုသိမ်ကြီးမြို့နယ် ထက်ထက်စံ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲ တာဝန်ခံ ဒေါ်အေးငြိမ်းစံ (ဦးစီးအရာရှိ)သည် ပုသိမ်ကြီးမြို့နယ်၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ  ထက်ထက်စံ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ၉-၈-၂၀၂၅ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပုသိမ်ကြီးမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဥမ္မာဝေ၊ ချမ်းအေးသာဇံမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ချိုချိုအေး ၊ ပုသိမ်ကြီးမြို့မ ရဲစခန်းမှ ရဲတပ်သား ဒေါ်သီသီစန်း၊ရဲတပ်သား ဦးသန်းတိုးအောင်၊ တို့ပါဝင်သော ပုသိမ်ကြီးမြို့နယ်၊ပူးပေါင်းအဖွဲ့သည်။ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ထက်ထက်စံ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်အား  မှတ်ပုံတင်ထားခြင်းမရှိသော ဆေးမေတ္တာအမှတ်တံဆိပ် တိုင်းရင်း ဆေးများအား  ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(မန္တလေး)