
မက္ကဆီကိုနိုင်ငံသည် အမေရိကန်နှင့် သဘောတူညီချက်စာချုပ် သက်တမ်းကုန်ဆုံးပြီး နောက် ပြည်တွင်းထုတ်လုပ်မှုကို ကာကွယ်ရန်နှင့် ပြည်တွင်းထောက်ပံ့မှုကို ခိုင်မာစေရန်အတွက် လတ် ဆတ်သောခရမ်းချဉ်သီးများကို အနိမ့်ဆုံးတင်ပို့ခွင့် ဈေးနှုန်းသတ်မှတ်လိုက်ကြောင်း မက္ကဆီကိုနိုင်ငံ၏ စီးပွားရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၅ခုနှစ် သြဂုတ်လ ၁၀ရက်နေ့က ပူးတွဲ ထုတ်ပြန်ခဲ့ပါသည်။
ဤဆုံးဖြတ်ချက်သည် မက္ကဆီကိုမှ အမေရိကန်သို့ ခရမ်းချဉ်သီးတင်ပို့မှုကို နှစ်နိုင်ငံအကြား ထိန်းချုပ်ထားသည့် ၂၀၁၉ သဘောတူညီမှုမှ ဝါရှင်တန်သည် ဇူလိုင်လတွင် နုတ်ထွက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။
မက္ကဆီကိုနိုင်ငံမှ တင်သွင်းမည့် လတ်ဆတ်သောခရမ်းချဉ်သီးများကို အခွန် ၁၇ရာခိုင်နှုန်း ကောက်ခံမည့်ဟု ဇူလိုင်လ ၁၄ရက်နေ့တွင် Trump ကပြောကြားခဲ့ပါသည်။
တစ်ကီလိုဂရမ်လျှင် အနည်းဆုံး ပို့ကုန်ဈေးနှုန်းမှာ ချယ်ရီနှင့် စပျစ်ခရမ်းချဉ်သီးများအတွက် ၁.၇၀ ဒေါ်လာ၊ရောမခရမ်းချဉ်သီးများအတွက် ၀.၈၈ဒေါ်လာ၊လုံးဝန်းသော ခရမ်းချဉ်သီးများအတွက် ၀.၉၅ ဒေါ်လာ၊ လုံးဝန်းပြီးအညှာပါသော ခရမ်းချဉ်သီးများအတွက် ၁.၆၅ ဒေါ်လာ သတ်မှတ်ထားပါ သည်။အခြားမျိုးကွဲများဖြစ်သည့် Cocktail နှင့် Heirloom ခရမ်းချဉ်သီးမျာအတွက် အနည်းဆုံးဈေး နှုန်း ၁.၇၀ဒေါ်လာ ကျသင့်မည်ဖြစ်ကြောင်း သိရပါသည်။
မက္ကဆီကိုနိုင်ငံသည် ၂၀၂၄ခုနှစ်က ဒေါ်လာ ၃.၃ ဘီလီယံတန်ဖိုးရှိ ခရမ်းချဉ်သီးများ တင်ပို့ နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသဘောတူညီချက်ကို အစိုးရက သြဂုတ်လ ၈ရက်နေ့တွင် တရားဝင်ထု တ်ပြန်ပြီးနောက် မက္ကဆီကို ခရမ်းချဉ်သီးစိုက်ပျိုးသူများအသင်းက ထောက်ခံကြောင်းပြသခဲ့ သည်ဟု ဝန်ကြီးဌာနက ထပ်လောင်းပြောကြား ခဲ့ပါသည်။
Source : Reuters
DOCA(ရန်ကုန်)