Main menu

Pyae Thar Kaung Co.,Ltd သို့ ပြည်ပပို့ကုန်အမယ်များ ကွင်းဆင်းစာရင်းကောက်ယူခြင်း

Powered by Drupal

          (၁၁.၈.၂၀၂၅) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် အမှတ် (၂၃က-၁)၊ မွေးမြူရေးထွက်ကုန် ပစ္စည်းထုတ်လုပ်ရေးဇုန်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်သို့ ပြည်ပသို့ ပို့ကုန်တင်ပို့မှုများအား စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Pyae Thar Kaung Co.,Ltd မှ ပိုင်ရှင်ဖြစ်သူ ဦးကျင်စုက တိရိစ္ဆာန်ထွက်ပစ္စည်းများဖြစ်သော (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) သားရေများအား ပင်လယ်ရေကြောင်းဖြင့် ကိုယ်တိုင်တင်ပို့သည့် တစ်နှစ်ထုတ်လုပ်နိုင်သည့်ပမာဏ၊ ပြည်ပသို့ တင်ပို့နိုင်သည့်တန်ချိန်၊ တန်ဖိုး၊ တင်ပို့သည့်နိုင်ငံများတို့ကို မေးမြန်း၍ Export တင်ပို့ရာ၌ ပင်လယ်ရေကြောင်းမှ ကိုယ်တိုင်တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)