Main menu

ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်ပမာဏသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ၁၈.၄ ရာခိုင်နှုန်း တက်လာခဲ့

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ခုနစ်လတွင် ကန်ဒေါ်လာ ၁၇.၇၂ ဘီလီယံဖိုး ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ကန်ဒေါ်လာ ၁၄.၉၆ ဘီလီယံမှ ၁၈.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ၁၂-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တရားဝင် အစီရင်ခံစာအရ သိရသည်။ အဓိက ပို့ကုန်များတွင် အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းများ၊ စက်ဘီးများ၊ ကားတာယာများ၊ ဆန်၊ ရောဘာ၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ငှက်ပျောသီးနှင့် သရက်သီးများ စသည်တို့ ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း စုစုပေါင်းသွင်းကုန်ပမာဏသည် ဒေါ်လာ ၁၉.၁၆ ဘီလီယံ စံချိန်တင်ခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ကန်ဒေါ်လာ ၁၆.၅၈ ဘီလီယံမှ ၁၅.၅ ရာခိုင်နှုန်း တိုးလာသည် ဟု အစီရင်ခံစာ တွင်ဖော်ပြထားသည်။ အဓိက တင်သွင်းသည့် ကုန်ပစ္စည်းများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အထည်ချုပ်ကုန်ကြမ်းများ၊ ဖိနပ်နှင့် ခရီးသွား ကုန်စည်အတွက် ကုန်ကြမ်း များ၊ မော်တော်ယာဉ်များ၊ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ စသည်တို့ ပါဝင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်နှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များသည် နိုင်ငံ၏ ကုန်သွယ်မှုတိုးတက်မှုကို မြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။

Source: Khmer Times                                                                              

DOCA (ရန်ကုန်)