Main menu

ဈေးကွက်မရောက်မှီ မအူပင် AKT သောက်သန့်များအား လုပ်ငန်းခွင်အရောက် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးသည့် ရေသန့်စက်ရုံများအား တာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေးခြင်းကို ၈-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက AKT သောက်ရေသန့်စက်ရုံအား စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

     အဆိုပါ သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးသည့် ရေသန့်စက်ရုံများကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ဈေးကွက်မရောက်မှီ ထုတ်လုပ်သော ရေသန့်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှုကို စစ်ဆေးခြင်း၊ ရေသန့်ဖြန့်ဖြူးမှု အခြေအနေများကို စစ်ဆေးခြင်း၊ ရေသန့်ဗူးများထားရှိသည့်နေရာများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ ထုတ်လုပ်ရောင်းချနေသော သောက်ရေသန့်များမှာ သတ်မှတ်ထားသော အရည်အသွေးပြည့်ခြင်း ရှိ/ ရေသန့်စက်ထားရှိသောအခန်းများ၊ ရေသန့်ဗူးများ ဆေးကြောသည့်နေရာနှင့် ရေစစ်သည့်နေရာများ၊ ရေထုတ်ယူ သုံးစွဲသည့် ရေအရင်းအမြစ်နေရာများ၊ ရေသန့်ထည့်၍ ထုပ်ပိုးပြီးသော မရှိနှင့် သောက်သုံးရေသန့် ထုတ်လုပ်ရောင်းချခွင့် လိုင်စင်လက်မှတ် ရှိ/မရှိတို့ကို သွားရောက်စစ်ဆေးခဲ့ကြပြီး၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိပဲ ရောင်းချခြင်း တွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြဌာန်းထားသော ဥပဒေအရ ကိုက်ညီပါက အရေးယူခံမည် ဖြစ်ကြောင်း ကို စက်ရုံတာဝန်ရှိသူအား ပြေကြားခဲ့ကြောင်း  သိရသည်။

      အဆိုပါစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊  ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနနှင့် မိတ်ဖက်ဌာနများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

DOCA(ဧရာဝတီ)