Main menu

ကျွန်းလှမြို့၏ ရာသီစာ တဇောင်းဖူး(ခေါ်)ပဒုမ္မာဖူး ဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများရှိ နေအိမ်ခြံစည်းရိုးများတွင် တဇောင်းပင်များ သဘာဝ အလျှောက် အလေ့ကျပေါက်ရောက်လေ့ ရှိသလို နေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးထားကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချလျက် ရှိသည့် တဇောင်းဖူး ဈေးနှုန်းများမှာ တဇောင်းဖူး(၁၀/၁၅)ဖူး တစ်ပုံလျှင်(၅၀၀)ကျပ်၊ တဇောင်းပွင့်(၁၀/၁၅)ပွင့် တစ်ပုံလျှင်(၃၀၀)ကျပ်၊ တဇောင်းပွင့်(၁၀/၁၅)ပွင့်(၂)ပုံလျှင်(၅၀၀)ကျပ် နှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)