
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများရှိ နေအိမ်ခြံစည်းရိုးများတွင် တဇောင်းပင်များ သဘာဝ အလျှောက် အလေ့ကျပေါက်ရောက်လေ့ ရှိသလို နေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချလျက် ရှိသည့် တဇောင်းဖူး ဈေးနှုန်းများမှာ တဇောင်းဖူး(၁၀/၁၅)ဖူး တစ်ပုံလျှင်(၅၀၀)ကျပ်၊ တဇောင်းပွင့်(၁၀/၁၅)ပွင့် တစ်ပုံလျှင်(၃၀၀)ကျပ်၊ တဇောင်းပွင့်(၁၀/၁၅)ပွင့်(၂)ပုံလျှင်(၅၀၀)ကျပ် နှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)