
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်(၃၀-၇-၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင်မြင်းခြံမြို့၊ အမှတ် (၁၃)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဦးမောင်ဝင်း၏ တိုးတက်လင်း စားအုန်းဆီ အရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
တိုးတက်လင်း စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူး ရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်း များကိုလည်း (၂%)အမြတ်ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများ လက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်း ကြပ်မတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။
DOCA(မန္တလေး)