
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅.၇.၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်း အပေါ် မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့်ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော်လွန် ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)