Main menu

ညောင်တုန်းမြို့နယ်  စက်သုံးဆီဆိုင် ရှောင်တခင် စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တိုင်းဒေသကြီးဆပ်ကော်မတီအဖွဲ့ဝင်များသည် (၂-၈-၂၀၂၅) နေ့ ညနေပိုင်းတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား သက်မှတ်စည်းကမ်းများ နှင့်အညီ ရောင်းချမှု ရှိ/မရှိကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးကြသည်။

      ထိုသို့ စစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက စက်သုံးဆီ အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ၊ အကန့်အသတ်ဖြင့် ရောင်း‌ချမှုရှိ/မရှိ၊ ခြင်တွယ်မှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးကို ဆိုင်ဘုတ်ဖြင့်ဖော်ပြ၍ ဈေးနှုန်း မှန်ကန်မှု ရှိ-မရှိ၊ စက်သုံးဆီများ မှန်ကန်စွာရောင်းချခြင်း ရှိမရှိ၊  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စက်သုံးဆီများသို လှောင်ထားရှိမှုအခြေအနေတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရေများမြင့်တက်ဝင်ရောက်လာပါက သိုလှောင်ကန်များ၏ ဗားများစနစ်တကျပိတ်ထားရန်နှင့် စက်သုံးဆီဆုံးရှုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်မှာကြာခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)