
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်တာဝန်ခံသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ကွင်းကောက်ဒေသရှိ မြို့ပေါ်ရပ်ကွက်တွင် ရောင်းချလျက်ရှိသောဆန်လက်လီ ၊လက်ကား ရောင်းချသည့်ဆိုင်များအား ဆန်ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးနှင့် ဆန်သိုလှောင်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူး ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေး ယူခံရမည်ဖြစ်ကြောင်း၊ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များအား အသိပေးပြော ကြားခဲ့ကြောင်း၊ ထို့နောက် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေ အနေတို့အား စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ဆန်တန်ချိန် ၂၅ သို့မဟုတ် စပါးတင်း ၂၅၀၀နှင့် အထက် သိုလှောင်ရုံပိုင်ဆိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် Myanmar Rice Online(My-Ro)- www.myro.com.mmတွင် မဖြစ် မနေ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လစဉ်ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းပေးနိုင်ရေးအသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)
