Main menu

ငရုတ်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး ဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၃၀.၇.၂၀၂၅)နေ့လယ် (၁၁:၃၀) အချိန်တွင် ညောင်တုန်းမြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ငရုတ်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အသင်းသား (၂၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သော အသိပညာပေးဆွေးနွေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့် ဥပဒေအကြောင်း၊ ပြစ်မှုပစ်ဒဏ်များ၊ စီးပွားရေး လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များနှင့် ငရုတ်စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းအဖွဲ့များရှင်သန်ရေး၊ သင်းဖွဲ့စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရေးနှင့် ငရုတ်ဈေးကွက်ခိုင်မာမှုရှိစေရေး၊ ညောင်တုန်းမြို့နယ်မှ ငရုတ်စိုက်ပျိုး ထုတ်လုပ်မှု များပြားခြင်းကြောင့် ငရုတ်စိုက်ပျိုးထွက်ရှိမှုနှင့် ပြည်တွင်ဈေးကွက်နှင့် ပြည်ပတင်ပို့နိုင် ရန်အတွက် ကောင်းမွန်သော စိုက်ပျိုးမှု နည်းပညာများ၊ ဈေးနှုန်းဈေးကွက်ရရှိရေးတို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ ပြီး၊ တက်ရောက်လာသူ လုပ်ငန်းရှင်များ၏ ပြန်လည်မေးမြန်းမှုများကို ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

          DOCA(ဧရာဝတီ)