
သီရိလင်္ကာအစိုးရသည် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် နိုင်ငံပေါင်း ၄၀ အား ဗီဇာကြေး များကို လျှော့ပေါ့ပေးရန် ဆုံးဖြတ်လိုက်ကြောင်း အကြီးတန်းဝန်ကြီးတစ်ဦးက ဇူလိုင်လ ၂၅ ရက်နေ့ တွင်ပြောကြားခဲ့သည်။ “Hotel Show Colombo 2025” ပြပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြား အလုပ်အကိုင်ရှာဖွေရေးနှင့် ခရီးသွားလာရေးဝန်ကြီး Vijitha Herath က မကြာသေးမီက အစိုးရ အဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သီရိလင်္ကာသည် လက်ရှိတွင် နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ ခရီးသွားများကို ဗီဇာကြေး ပေးဆောင်ခြင်းမရှိဘဲ နိုင်ငံအတွင်းသို့ လာရောက် လည်ပတ်ခွင့်ပြုထားကြောင်း သိရသည်။ အဆိုပါအခကြေးငွေများကို လျှော့ပေါ့ပေးခြင်းဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် တိုက်ရိုက်၀င်ငွေ အမေရိကန်ဒေါ်လာ ၆၆ သန်းခန့် ဆုံးရှုံးမည်ဖြစ် ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ သို့သော်လည်း ခရီးသွားလုပ်ငန်း တိုးမြှင့်ခြင်းဖြင့် အစိုးရသည် သွယ်ဝိုက်၀င်ငွေ ပိုမိုများပြားလာမည်ဟု မျှော်လင့်လျှက်ရှိသည်။ ခရီးသွားလုပ်ငန်းသည် သီရိလင်္ကာ နိုင်ငံ၏ နိုင်ငံခြားဝင်ငွေရရှိသော အဓိကအရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည်။ နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ ဒေါ်လာ ၃.၁၇ ဘီလီယံခန့် ရရှိခဲ့ကြောင်းသိရသည်။
DOCA(ရန်ကုန်)