Main menu

ယခုနှစ်တွင် စီးပွားရေးမြှင့်တင်တော့မည့် မလေးရှားနိုင်ငံ

Powered by Drupal

  စွမ်းအင်ရွေ့ပြောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း နှင့် ထောက်ပံ့ပို့ဆောင်းခြင်း နှင့် ဒစ်ဂျစ်တယ်အခြေခံ အ‌ဆောက်အဦများကဲ့သို့မ‌လေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ၎င်း၏ စီးပွားရေးကို ၄ ရာခိုင်နှုန်းမှ ၄.၈ ရာခိုင်နှုန်း အထိ ချဲ့ထွင်ရန် စီစဥ်ထားပြီဖြစ်ကြောင်း နှင့် ကုန်သွယ်ရေးနှင့် အကောက်ခွန်မငြိမ်သက်မှုများသည် ကမ္ဘာ့စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အကျိုး သက်ရောက်မှုများဖြစ်စေနိုင်ကြောင်း သိရပါသည်။ မလေးရှားနိုင်ငံ၏ ငွေကြေးဖောင်းပွ မှုများသည် ၁.၅ ရာခိုင်နှုန်းမှ ၂.၃ ရာခိုင်နှုန်းအတွင်းဖြစ်ရန် မျှော်မှန်းထားကြောင်း မလေးရှားဗဟိုဘဏ် Bank Negara မှ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံ၏ စီးပွားရေးသည် ကောင်းမွန် သောအနေအထား တစ်ခုတွင် ရှိနေသော်လည်း ၎င်း၏ စီးပွားရေးတိုးတက်နှုန်းသည် ကမ္ဘာ့စီးပွား ရေးမတည် ငြိမ်မှုများအပေါ်တွင် မူတည်နေကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့ပါသည်။ မလေးရှား နိုင်ငံသည် သြဂုတ်လတွင် Washington နှင့်ပြုလုပ်မည့် သဘောတူညီမှု မတိုင်ခင်အထိ အမေရိကန် နိုင်ငံသို့တင်ပို့သော ၎င်း၏ တင်ပို့ကုန်များတွင် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမှုနှင့် ရင်ဆိုင် နေရကြောင်း သိရပါ သည်။ မလေးရှားနိုင်ငံ၏ ကုန်သွယ်‌ရေးဝန်ကြီးက အထူးသဖြင့် အ‌ကောက် ခွန်မဲ့ကိစ္စများနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံနှင့် ဆွေးနွေးမှုများပြုလုပ်ရာတွင် ညှိနှိုင်းဆွေးနွေး စရာများ ကျန်ရှိနေသော်လည်း ညှိနှိုင်းဆွေးနွေးမှုများမှာ ကောင်းမွန်လျက် ရှိကြောင်း နှင့် သြဂုတ်လ သတ်မှတ်ရက်မတိုင်ခင်အတွင်း ဆွေးနွေးမှုကို အပြီးသတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

DOCA(ရန်ကုန်)