Main menu

Pakistan ဗဟိုဘဏ်၏ နိုင်ငံခြားငွေ အရန်ငွေများ အမေရိကန်‌ဒေါ်လာ ၆၉ သန်းခန့် ကျဆင်း

Powered by Drupal

               Pakistan ဗဟိုဘဏ်၏ နိုင်ငံခြားငွေ အရန်ငွေများသည် ပြင်ပကြွေးမှီများပေးချေရခြင်း များကြောင့် အမေရိကန်ဒေါ်လာ ၆၉ သန်းခန့် ကျဆင်းသွားကြောင်း ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်သော Pakistan နိုင်ငံဘဏ် (SBP) ၏ထုတ်ပြန်ချက်အရ သိရပါသည်။ ဇူလိုင်လ ၁၈ ရက်နေ့အထိ အဆိုပါဘဏ်၏ နိုင်ငံခြား အရန်ငွေများသည် ‌အမေရိကန်ဒေါ်လာ ၁၄.၄၆ ဘီလီယံ ထိ ‌ရောက်ရှိခဲ့ပြီး ယခင်အပတ်ကာလထက် ကျဆင်းသွားကြောင်း သိရပါသည်။ စီးပွားရေး ဘဏ်မှ ကိုင်ဆောင်ထားသော အသားတင်နိုင်ငံခြားငွေ အရန်ငွေများသည် အမေရိကန်ဒေါ်လာ ၅.၄၆ ဘီလီအထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ယင်းကြောင့် တောင်အာရှနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားငွေ အရန်ငွေသည် ဇူလိုင်လ ၁၈ နေ့အထိ ခန့်မှန်းခြေ စုစုပေါင်း ၁၉.၉၂ ဘီလီယံအထိ ရှိလာမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

Source: Xinhua