Main menu

ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်အား လက်မှတ်ရေးထိုးလိုက်သည့် Syriaနိုင်ငံနှင့် Saudi Arabia နိုင်ငံ

Powered by Drupal

            Syria နိုင်ငံနှင့် Saudi Arabia နိုင်ငံတို့သည် ဇူလိုင်လ ၂၄ ရက်နေ့တွင်ပြုလုပ်သော အဆင့်မြင့်ရင်းနှီးမြှုပ်နှံမှုအစည်းအဝေးပွဲအတွင်းတွင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့် တန်ကြေး ရှိ‌သော နားလည်မှုစာချွှန်လွှာ နှင့် သဘောတူညီမှု ၄၆ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း Syria နိုင်ငံ ပိုင် SANA သတင်းအေဂျင်စီဌာနမှ ပေးပို့သော အချက်အလက်များအရ သိရပါသည်။ အဆိုပါ အစည်းအဝေးပွဲကို Syria နိုင်ငံခေါင်းဆောင် Ahmad al-Sharaa နှင့်အတူ ဝန်ကြီးဌာနများမှ အဖွဲ့ဝင်များ၊ စီနီယာအရာရှိများ နှင့် ဆောဒီနိုင်ငံမှ စီးပွားရေးခေါင်းဆောင် ၁၀၀တို့ တက်ရောက် ခဲ့ပါသည်။ Saudi နိုင်ငံ တာဝန်လွှဲပြောင်းခြင်းအခမ်းအနားအား ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Khalid Al-Falih မှ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ Syria နိုင်ငံ စီးပွားရေးနှင့် စက်မှုလက်မှုအာဏာ ပိုင် အဖွဲ့အစည်း ခေါင်းဆောင် Mohammad Nidal al-Shaar က အဆိုပါအစည်းအဝေးအား နှစ်နိုင်ငံကြားဆက်ဆံ‌ရေးတွင် အလှည့်အပြောင်းတစ်ခုဖြစ်ပြီး နည်းဗျူဟာမြောက်စပ် တူလုပ်ငန်း များတွင် ခေတ်သစ်တစ်ခုအဖြစ် အချက်ပြနေကြောင်း ဖော်ပြခဲ့ပါသည်။ ထို့အပြင် ၎င်းက Syria နိုင်ငံအနေဖြင့် အဓိက ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေချောမွေ့ စေမည့် ရင်းနှီးမြှုပ်နှံ မှု ပတ်ဝန်းကျင်ကောင်းတစ်ခုကိုဖန်တီးသွားမည်ဖြစ်ကြောင်း အထူးအ‌လေး ပေး ပြောကြားခဲ့ပါသည်။ Al-Falih က Saudi ကိုယ်စားလှယ်အဖွဲ့တွင် အစိုးရအဖွဲ့အစည်း ၂၀ ကျော်နှင့် အဓိက ကိုယ်ပိုင်ကဏ္ဍ ကုမ္ပဏီများ ပါဝင်ပြီး နည်းပညာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး ဂရုစိုက်မှု၊ အိမ်ခြံမြေ၊ အခြေခံအဆောက် အဦိးနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု များမှာ ကောင်းမွန် လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက Saudi-Syria လုပ်ငန်းကောင်စီ အတွက် စီမံကိန်း များကို ကြေညာခဲ့ပြီး Homs တွင် ပြုလုပ်သော အဓိက အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု နှင့် ဘိလပ်မြေ စက်ရုံ ၃ ရုံ တည်ဆောက်ရေး စီမံကိန်းအသစ်များကိုလည်း ပြသခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

Source: Xinhua