Main menu

နှစ်နိုင်ငံကြားအပြန်အလှန်ဆက်ဆံရေးအား ဆွေးနွေးခဲ့သည့် Chadian သမ္မတနှင့် Guinea-Bissau သမ္မတ

Powered by Drupal

             Chadian သမ္မတ Mahamat Idriss Deby Itno နှင့် Guinea-Bissau သမ္မတ Umaro Sissoco Embalo တို့သည် ဇူလိုင်လ ၂၄ ရက်နေ့တွင် နှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးအား ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း Chadian သမ္မတရုံးမှ ထုတ်ပြန်သော ထုတ်ပြန်ချက်အရ သိရပါသည်။ Chadian သမ္မတရုံးတွင် ၂ နှစ်နာရီကြာပြုလုပ်သော အဆိုပါဆွေးနွေးပွဲတွင် သမ္မတကြီးနှစ်ဦးသည် နှစ်နိုင်ငံကြားအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တွင် အားကောင်းလာစေရေးနှင့် ၎င်းတို့၏ အကျိုးတူကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ထိန်းသိမ်းရန် ထပ်မံအတည်ပြုခဲ့ ကြောင်း သိရပါသည်။ Chadian နိုင်ငံနှင့် Guinea-Bissau နိုင်ငံတို့သည် တရားမျှတသောကမ္ဘာဆီ သို့ ဦးတည်လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိပါသည်။ Embalo သည် Chadian နိုင်ငံသို့ ဇူလိုင်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ဆွေးနွေးမှုများလုပ်ဆောင်ရန် လာရောက်ခဲ့ပြီး ဗဟိုအာဖရိကန်နိုင်ငံသို့ ဆွေးနွေးမှုများပြုလုပ်မှုအပြီးတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

Source: Xinhua