
မက်ဆီကိုနှင့် ဘရာဇီးတို့သည် ကုန်သွယ်ရေး၊ သိပ္ပံနည်းပညာနှင့် ပညာရေးနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်တော့မည်ဖြစ်ကြောင်း မက်ဆီကန် သမ္မတ Claudia နှင့် Sheinbaum တို့က ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ “၎င်းတို့အနေဖြင့် ဘရာဇီးနိုင်ငံနှင့် များစွာသောကိစ္စရပ်များအပေါ်ဆက်ဆံရေးတွင် ပိုမိုသန်မာလာစေရန်ရည်ရွယ်ပြီး တစ်ခုမှာ ကုန်သွယ်ရေးဖြစ်ပြီး တစ်ခြားမှာ သိပ္ပံနည်းပညာနှင့် ပညာရေးပူးပေါင်း ဆောင်ရွက်မှုများဖြစ်ကြောင်း” အဆိုပါ သမ္မတက အစည်းအဝေးပွဲတွင် ပြောကြားခဲ့ပါသည်။ “၎င်းတို့အနေဖြင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်ရရှိရန် ပြောဆိုနေခြင်း မဟုတ်ကြောင်း၊ ၎င်းတို့၏ စီးပွားရေးဖြစ်မြောက်စေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုရရှိစေရန် ပြောဆိုနေခြင်းဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့ပါသည်။ အဆိုပါ နှစ်နိုင်ငံအနေဖြင့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများတွင် သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများကို ဖော်ဆောင်ပေးနိုင်မည့် ဆေးဝါးကဏ္ဍတွင် စိတ်ဝင်စားမှုများရှိနေကြောင်း မက်ဆီကန်သမ္မတ Claudia Sheinbaum က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
Source: Xinhua