
၂၀၂၅ ခုနှစ်၏ ပထမ ၆ လတကာကာလတွင် ဗီယက်နမ်ရေထွက်ကုန်များသည် စင်ကာပူ ဈေးကွက်တွင် သိသာစွာမြင့်တက်ခဲ့ပြီး နော်ဝေးကိုကျော်ဖြတ်ကာ မလေးရှားနှင့် အင်ဒိုနီးရှား၏ နောက် တတိယနေရာသို့ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ထို ၆ လတာကာလတွင် စင်ကာပူ၏ ဗီယက်နမ်ထံမှ ပင်လယ်စာတင်သွင်းမှု (code HS:03) တန်ဖိုးမှာ စင်ကာပူဒေါ်လာ ၅၇.၂ သန်း ရှိပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၁၀.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ စုစုပေါင်းဈေးကွက် ဝေစု၏ ၁၀.၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ လတ်တလောတွင် ငါးအသားပြားနှင့် အေးခဲထား သည့်ငါးမှာ စင်ကာပူဒေါ်လာ ၂၉ သန်းဖြင့် ဗီယက်နမ်ရေထွက်ကုန်များကြား တင်သွင်းမှုတန်ဖိုး အမြင့်ဆုံးအဖြစ်ရပ်တည်နေပြီး ဈေးကွက်ဝေစု၏ ၂၉.၆ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ပြုပြင်ထားသောနှင့် မပြုပြင်ထားသောကမာနှင့် ပြုပြင်ထားသောနှင့် မပြုပြင်ထားသောခရု တို့မှာလည်း စင်ကာပူဒေါ်လာ ၁၂.၅ သန်းနှင့် စင်ကာပူဒေါ်လာ ၇.၁ သန်းတို့ဖြင့် ဗီယက်နမ်၏ စင်ကာပူသို့ တင်ပို့သည့်တန်ဖိုးအမြင့်ဆုံး အမျိုးအစားများတွင် ပါဝင်နေကြောင်း သိရပါသည်။ စင်ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးအတိုင်ပင်ခံ Cao Xuan Thang ကလာမည့်အချိန်တွင် စင်ကာပူ၏ပင်လယ်စာတင်သွင်းသည့်ဈေးကွက်မှာ ဆက်လက်တည်ငြိမ်နိုင်ခြင်းနှင့်အတူ ဗီယက်နမ်သည် ငါးအသားပြားနှင့် အေးခဲထားသောငါးအမျိုးအစားတွင် မြင့်မားသောဈေးကွက် ဝေစုကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ပြုပြင်ထားသော နှင့် မပြုပြင်ထားသော ကမာနှင့် ပြုပြင်ထားသောနှင့် မပြုပြင်ထားသောခရုအမျိုးအစားတို့တွင် ဗီယက်နမ်သည် မလေးရှားနှင့်အင်ဒိုနီးရှားသာမက တရုတ်၊ ဂျပန်နှင့် အိန္ဒိယအစရှိသည့် နိုင်ငံများထံမှ ယှဉ်ပြိုင်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
Vietnam Plus