
အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Sulaiman က အမေရိကန်ထံမှ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံကျော်တန်ဖိုးရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တင်သွင်း ရန် အင်ဒိုနီးရှား၏အစီအစဉ်သည် ဂျုံနှင့် ပဲပိစပ်များကို အဓိကထားကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက တင်သွင်းမည့်ဆုံးဖြတ်ချက်များသည် ပြည်တွင်းစိုက်ပျိုးမွေးမြူ ရေးသမားများအား ကာကွယ်ရန်ဦးစားပေးမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာ နထံမှ ထောက်ခံချက် များသည် ခွင့်ပြုချက်အတွက် အဓိကအခြေခံဖြစ်မည်ဟု ပြောကြားခဲ့ ပါသည်။ အင်ဒိုနီးရှားသည် အမေရိကန်ထံမှ နို့နှင့် အမဲသားအစရှိသည့် ထပ်တိုးကုန်ပစ္စည်းများ တင်သွင်းရန်ဖြစ်နိုင်ချေ ရှိသော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်များသည် နိုင်ငံတော်ဝယ်လို အားနှင့် ပြည်တွင်းရောင်းလို အားအပေါ်ဘက် ပေါင်းစုံချင့်ချိန်တွက်ချက်ခြင်းအပေါ် မူတည် ကြောင်း သိရပါသည်။ တင်သွင်းရန် အခွင့်အလမ်းသည် အမေရိကန်က ချမှတ်ထားသည့် ကုန်သွယ်ရေးအကောက်ခွန်များ ချိန်ညှိပြီးနောက် မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ဝန်ကြီး ကတင်သွင်းမှုများကို ပြည်တွင်း ထုတ်လုပ်မှုက နိုင်ငံ၏လိုအပ်ချက်ကိုပြည့်မီရန် မစွမ်းဆောင် နိုင်မှသာ ခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတ ထရမ့်၏အဆိုအရ သဘောတူညီချက်သည် အမေရိကန် သို့ အင်ဒိုနီးရှား၏ဈေးကွက်တစ်ခုလုံးကို တံခါးဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ သဘော တူညီချက်အောက်တွင် အင်ဒိုနီးရှားသည် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိသောစွမ်းအင် ထုတ်ကုန်များ၊ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံတန်ဖိုးရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ နှင့် ဘိုးရင်းလေယာဉ် အစီး ၅၀ ဝယ်ယူရန် ကတိကဝတ်ပြုခဲ့ကြောင်း သိရပါသည်။ အိမ်ဖြူတော် ၏ ထုတ်ပြန်ချက်တွင် အမေရိကန်သည် အင်ဒိုနီးရှားပို့ကုန်များအပေါ် အကောက်ခွန် ၁၉ ရာခိုင်နှုန်းချမှတ်မည် ဖြစ်ကြောင်း သိရပါသည်။ အပြန်အလှန်အနေဖြင့် အင်ဒိုနီးရှားသည် အမေ ရိကန်မူရင်းကုန် ပစ္စည်းများအားပြည်တွင်းပါဝင်မှုလိုအပ်ချက်များကင်းလွတ်ခွင့်ပေးခြင်း၊ ဆေးဝါးနှင့်ကျန်းမာရေးကုန်ပစ္စည်းများအတွက် FDA အသိအမှတ်ပြုလက်မှတ် အသိအမှတ်ပြုခြင်းတို့ ပါဝင်သည့် များစွာသောအကောက်ခွန်အတားအဆီးမဟုတ်သည်များကို ဖယ်ရှားပေးရန် သဘော တူညီခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)