
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အမှတ်(၂၁)အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပြင်ပဗဟုသုတစာပေများ ဖတ်ရှု့လေ့လာခြင်းသည် ကျောင်းစာသာမက ပြင်ပအသိပညာ ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ (၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ်(၂၁) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အမှတ်(၂၁) အခြေခံမူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေဦးသွယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ကျောင်းသား/ ကျောင်းသူများ အသိပညာပေးဗဟုသုတများ ပြည့်စုံကြွယ်ဝစေရန်အတွက် ကျောင်းစာသာမက ပြင်ပဗဟုသုတစာပေးများ ဖတ်ရှု့လေ့လာခြင်းအားဖြင့် လူငယ်များ အလုပ်အကိုင်၊ အတွေးအခေါ်၊ အယူအဆများမှန်ကန်စေရန် စသည့်လူငယ်ရေးရာ အသိပညာပေး ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် နေ့စဉ်အစားအစာများ ဝယ်ယူစားသောက်သုံးစွဲရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ပတ်သတ်၍ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)