
အင်ဒိုနီးရှားနိုင်ငံသည် ငါးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးအစရှိသည့် အဓိကကဏ္ဍများတွင် AI နည်းပညာနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်သူများဖွံ့ဖြိုးတိုးတက်ရေးတွင် ပံ့ပိုးပေးရန် တရုတ်ကို တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး Meutya Hafid က AI ဖွံ့ဖြိုးတိုးတက်ရေးတွင် ၎င်းတို့၏ ရည်ရွယ်ချက်များထဲမှတစ်ခုမှာ ငါးလုပ်ငန်းနှင့် စိုက်ပျိုး မွေးမြူရေးကဏ္ဍများဖြစ်ကြောင်းနှင့် တရုတ်ကပံ့ပိုးပေးရန်မျှော်လင့်ကြောင်း တရုတ်သံအမတ် Wang Lutong နှင့် ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် နိုင်ငံတစ်ဝှမ်းရှိ များစွာသော စိုက်ပျိုးမွေးမြူရေးဧရိယာများတွင် AI အသုံးပြုမှုတိုးချဲ့သွားရန် ဆန္ဒရှိကြောင်း သိရပါ သည်။ Hafid က စိုက်ပျိုးမွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍများတွင် နိုင်ငံတော်ထုတ်လုပ်မှုအရှိန် မြှင့်တင်ရာ၌ AI အသုံးပြုသည့်စက်ပစ္စည်းများ၏စွမ်းရည် တိုးတက်စေရန်အတွက် တရုတ်၏ပံ့ပိုး မှုသည် အလွန်အရေးပါကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနှင့် တရုတ်တို့သည် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတွင်ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအရှိန်မြှင့်တင်ရန်အတွက် တက္ကသိုလ်အဆင့် မိတ်ဖက်ဖွဲ့ရန် ကြိုးပမ်းသွားမည် ဟု သိရပါသည်။ Hafid က ၎င်းတို့သည် တရုတ်ကုမ္ပဏီများနှင့် ပြည်တွင်းအစိုးရများကြား မိတ်ဖက်ဖွဲ့ရန်တိုက်တွန်းသွားဖြစ်ကြောင်းနှင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးတွင် နိုင်ငံအားလုံးနှင့်ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့် ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ် ရေးရာဝန်ကြီးဌာန၏ အတွင်းရေးမှူးချုပ် Ismail က တရုတ်နိုင်ငံဘေဂျင်းမြို့ရှိ Tsinghua တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် အင်ဒိုနီးရှားဒစ်ဂျစ်တယ်ကျွမ်းကျင်သူအရေအတွက် ကြီးထွားလာလျှက် ရှိကြောင်းနှင့် AI သင်ကြားခြင်းကိုအဓိကထားသည့် အင်ဒိုနီးရှား ကျောင်းခွဲဖွင့်လှစ်ရန်ဖြစ်နိုင်ချေ ပါဝင်သည့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် Tsinghua တက္ကသိုလ်အား တိုက်တွန်းလျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)