
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း များကို ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီလစဉ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ(၂၃)ရက်နေ့၊ နေ့လယ် (၁၄:၃၅)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူအသိပညာပေး ဟောပြောခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်သော အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြရာတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်များ ဗလငါးတန်နှင့် ပြည့်ဝစေရန်နှင့် အသိပညာတိုးပွားစေရန် စာဖတ်စေလိုကြောင်းဟောပြောခြင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူများကို အသိပညာပေး ဟောပြောရခြင်း ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသိရှိရမည့် ကုန်စည်ပေါ်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် ယနေ့ခေတ်ဈေးဝယ်ရာတွင် အွန်လိုင်းစနစ်ဖြင့် ဝယ်ယူခြင်းကြောင့် ဖြစ်ပေါ်လာမည့် အားသာချက်၊ အားနည်းချက်များအကြောင်း ဟောပြောခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက ပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သည့် အပင်များအကြောင်း ယခုအချိန်တွင် ဖြစ်ပေါ်တတ်သည့် ရောဂါများကို တိုင်းရင်းဆေးဖြင့် ကုသနိုင်မှုများအကြောင်းတို့အား ဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောခြင်းဆွေးနွေးပွဲသို့ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)