
မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း နှင်းဆီခန်းမ၌ ဇူလိုင်လ (၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းဆက်လက် ကျင်းပပြုလုပ်ခဲ့ရာတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို တွံတေးခရိုင်သို့ ခရိုင်အဆင့်သင်တန်း တက်ရောက်ခဲ့သော သင်တန်းဆရာ၊ ဆရာမများက မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ မဲပေးစက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံများ၌ မဲပေးစက်တပ်ဆင် ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံ၊ နည်းလမ်းတို့အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး အသိပညာပေး သင်ကြားပေးခဲ့ကြပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင် တန်းသို့ တက်ရောက်သော သင်တန်းသား/ သင်တန်းသူများက မရှင်းလင်းသောအချက်များနှင့် သိရှိလိုသည့် အချက်များကိုမေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေရှင်း သင်ကြားပြသပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)