Main menu

အိန္ဒိယနိုင်ငံတွင် ပထမဆုံးကားအရောင်းပြခန်းဖွင့်လှစ်ခဲ့သည့် VinFast

Powered by Drupal

   ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူဖြစ်သည့် VinFast ၏လုပ်ငန်းခွဲဖြစ်သည့် VinFast Auto India သည် အိန္ဒိယနိုင်ငံတွင် ၎င်းတို့၏ ပထမဆုံးအရောင်းပြခန်းကို ဂူဂျာရတ်ပြည်နယ် ဆူရတ်မြို့တွင် ဇူလိုင်လ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့ပါသည်။ ထိုအရောင်းပြခန်းကို အိန္ဒိယနိုင်ငံ Tamil Nadu ပြည်နယ် Thoothukudi မြို့ရှိ ၎င်းတို့၏ အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန်စက်ရုံ ဖွင့်ပွဲမတိုင်မီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဆူရတ်တွင်ဖွင့်လှစ်ခဲ့သည့် ထိုအရောင်း ပြခန်းသည်  အားကောင်းပြီး ဝယ်ယူသူဗဟိုပြုသည့် လျှပ်စစ်မော်တော်ကားဂေဟစနစ် တည်ထောင်ရန်  ကုမ္ပဏီ၏ ရေရှည်ကတိကဝတ်ရှိမှုကို အသားပေးပြသနေကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါသည်။ ထိုအရောင်းပြခန်းတွင် VinFast ၏ အကောင်းစားလျှပ် စစ်ကားမော်ဒယ်များ ဖြစ်သည့် VF 6 နှင့် VF 7  တို့ကိုခင်းကျင်းရောင်းချသွားမည်ဟု သိရပါသည်။ ၎င်းတို့၏တိုးချဲ့မှု လမ်းပြမြေပုံ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်ကုန်တွင် မြို့ပေါင်း ၂၇ မြို့တို့ တွင် အရောင်းကိုယ်စားလှယ် ၃၅ ခုတည်ထောင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ VinFast ဆူရတ်အ‌ရောင်းပြခန်းကို အိန္ဒိယနိုင်ငံ၏ ထိပ်တန်းကားလက်လီရောင်းချသူ Chandan Car က ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ၃၀၀၀ စတုရန်းပေကျယ်ဝန်းသည့် ထိုပြခန်းတွင် ဝယ်ယူသူများအား ထိပ်တန်း ထုတ်ကုန်အတွေ့အကြုံများ၊ ဝယ်ယူမှုလုပ်ငန်းစဉ်မြန်ဆန်မှုနှင့် ကမ္ဘာ့အဆင့် ရောင်းချပြီး ဝန်ဆောင်မှုရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဟု သိရပါသည်။ ဇူလိုင် လ ၁၅ ရက်နေ့ကလည်း VinFast သည် ၎င်းတို့၏ အကောင်းစား လျှပ်စစ် SUV များဖြစ်သည့် VF 6 နှင့် VF 7 တို့အတွက်ကြိုတင်မှာယူမှုများ တရားဝင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။ မော်တော် ကားများကို Thoothukudi ရှိ VinFast ၏ မကြာမီဖွင့်လှစ်မည့်စက်ရုံတွင် တပ်ဆင်မည် ဖြစ်ပြီး အိန္ဒိယအား ဗျူဟာမြောက်ဈေးကွက်နှင့် အနာဂတ်လျှပ်စစ်ကားထုတ်လုပ်ရာအချက် အချာ အဖြစ် ကုမ္ပဏီ၏ တည်ရှိမှုကို အားသစ်လောင်းပေးခဲ့ကြောင်း သိရပါသည်။ VinFast Asia ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Pham Sanh Chau က ဆူရတ်ရှိ VinFast ၏ပထမဆုံး အရောင်းပြခန်းသည် အိန္ဒိယတွင် ကုမ္ပဏီ၏ နက်ရှိုင်းစွာကတိကဝတ်ပြုမှု၏ သင်္ကေတ ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ ထိုအရောင်းကိုယ်စားလှယ်မိတ်ဖက်ဖွဲ့မှုနှင့်အတူ လုပ်ငန်းသည် လျှပ်စစ်မော်တော်ယာဉ်များသာမက အရည်အသွေး၊ ယုံကြည်မှုနှင့် အကောင်းဆုံးဝန်ဆောင်မှုတို့ တည်ဆောက်သွားမည်ဟု သိရပါသည်။

DOCA(ရန်ကုန်)