
ရာသီပေါ် သရေစာလည်းဖြစ် ဆေးဖက်လည်းဝင်တဲ့ အစားအစာလို့ပြောလိုက်ရင် ယခုအချိန်မှာတော့ ကျွဲခေါင်းသီးကို ထည့်ပြောရပါလိမ့်မည်။ အရောင်အဆင်းက ကျွဲခေါင်းသီးရဲ့ အရောင်လိုမဲနေတဲ့ ကျွဲခေါင်းသီးဟာ မူရင်းအရောင်ကတော့ မမဲပါဘူး။ ကျွဲခေါင်းသီးပင်သည် ရေတွင် ပေါလောပေါ်နေသော အပင်ငယ်တစ်မျိုး ဖြစ်ပါ သည်။ ရေအောက်ရှိ အရွက်နှင့် ရေပေါ် ရှိအရွက် တို့သည် မတူညီကြချေ။ ရေအောက်ရှိအရွက်များသည် အညှာချင်းဆိုင်ပေါက်၍ အမြစ်နှင့် တူကြသည်။ ရေပေါ်ရှိ အရွက်များမှာမူ ရိုးတံရင်း၌ စုပေါက်ကြသည်။ အသီးတွင် အဖုများထွက်နေ၍ ကျွဲဦးခေါင်းပုံနှင့်တူသည်။ အခွံသည် အစိမ်းပုပ်ရောင်ရှိ၍ အတွင်းသားမှာ ဖြူသည်။ မြန်မာ နိုင်ငံအောက်ပိုင်း မြို့ကြီးများရှိ ရေကန်များတွင် ကျွဲခေါင်းသီးပင်များကို ပြုစုစိုက်ပျိုးကြပါသည်။ ဇွန်လမှ ဩဂုတ်လအထိ မိုးတွင်းအချိန်၌ ကျွဲခေါင်းသီးကို ရောင်းချလေ့ရှိပါသည်။ အသီးကို အစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ ဖြစ်စေ၊ အခွံနွှာပြီးလျှင် စားကြသည်။ အတွင်းသား အရသာမှာ ချိုအေး၍ အရည်ရွှမ်းသည်။ ကျွဲခေါင်းသီးမှာ ကောင်းကျိုးတွေရှိပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ အလွန်အကျွံမစားသင့်ပါ။ ရာသီပေါ်ဖြစ်တဲ့ ကျွဲခေါင်းသီးကို ရန်ကုန်မှဝယ်ယူ၍ ပြည်မြို့တွင် ပြန်လည်ရောင်းချပြီး ကျွဲခေါင်းသီးတစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ ကျွဲခေါင်းသီး တစ်ဆယ်သားလျှင် ကျပ် (၂၀၀၀) အထိ ဈေးကောင်းပေးဝယ်၍ စားသုံးသူများမှ ရာသီပေါ်လည်းဖြစ် သရေစာလည်းဖြစ် ဆေးဖက်လည်းဝင်တာကြောင့် ဝယ်ယူစားသုံးကြပါသည်။ လက်လီရောင်းချသော အထမ်းသည်များ အနေဖြင့် ပြည်မြို့အတွင်း တစ်နေ့လျှင် မိုးမရွာပါက နှစ်ပိဿာမှ သုံးပိဿာအထိ ရောင်းချရကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)