Main menu

၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်-စင်ကာပူကုန်သွယ်ရေးကြီးထွားမှု အားကောင်း

Powered by Drupal

           ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်-စင်ကာပူကုန်သွယ်ရေးတန်ဖိုးမှာ စင်ကာပူ ဒေါ်လာ ၁၉.၅ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၂၈.၅ ရာခိုင်နှုန်းရှိခဲ့ကာ ဗီယက်နမ်သည် စင်ကာပူ၏ ၁၀ ခုမြောက်အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း စင်ကာပူ၏ Accounting and Corporate Regulatory Authority (ACRA) ၏အဆိုအရ သိရပါ သည်။ စင်ကာပူသည် ဗီယက်နမ်သို့ စင်ကာပူဒေါ်လာ ၁၃.၉ ဘီလီယံတန်ဖိုးတင်ပို့ပြီး ဗီယက်နမ် ထံမှ စင်ကာပူဒေါ်လာ ၅.၅ ဘီလီယံတန်ဖိုးတင်သွင်းကြောင်း သိရပါသည်။ ထိုပထမနှစ်ဝက်တာ ကာလတွင် စင်ကာပူ၏ပြည်တွင်း၌ထုတ်လုပ်သည့်ကုန်ပစ္စည်းတင်ပို့မှုတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၃.၉ ဘီလီယံနှင့် ယာယီတင်သွင်းပြီးပြန်လည်တင်ပို့သည့်တန်ဖိုးမှာ စင်ကာပူဒေါ်လာ ၁၀.၁ ဘီလီယံတန်ဖိုးရှိကြောင်း သိရပါသည်။ စင်ကာပူသည် ကုန်သွယ်ရေးပိုငွေ စင်ကာပူဒေါ်လာ ၈.၄ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သို့ပို့ကုန်များကြားတွင် HS 85 (လျှပ်စစ်စက် ပစ္စည်း၊ အစိတ်အပိုင်းနှင့်တပ်ဆင်ပစ္စည်းများ)နှင့် HS 27 (လောင်စာ၊ ရေနံနှင့်ဆက်စပ်ပစ္စည်း များ)တို့မှာ စုစုပေါင်းတန်ဖိုးစင်ကာပူဒေါ်လာ ၉.၅ ဘီလီယံရှိကြောင်း သိရပါသည်။ တစ်ချိန် တည်းမှာပင် စင်ကာပူသည် ဗီယက်နမ်ထံမှ HS 85 ကိုစင်ကာပူဒေါ်လာ ၂.၇ ဘီလီယံတန်ဖိုး တင်သွင်းခဲ့ပြီး စုစုပေါင်းတင်သွင်းမှုတန်ဖိုး၏ ၄၉.၈ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ စင်ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးအတိုင်ပင်ခံ Cao Xuan Thang က ဗီယက်နမ်၏စင်ကာပူနှင့် ထိပ်တန်း ကုန်သွယ်ရေးမိတ်ဖက်အဖြစ်တည်ရှိနေခြင်းသည် စီးပွားရေးချိတ်ဆက်မှုနက်ရှိုင်းခြင်းကို ရောင်ပြန်ဟပ်ပြီး ထောက်ပံ့မှုကွင်းဆက်၊ ဟာလာဈေးကွက်ဝင်ရောက်ခြင်းနှင့် အစိမ်းရောင်နှင့် ဒစ်ဂျစ်တယ်ကနဦး ဆောင်ရွက်မှုများအစရှိသည့် အပြန်အလှန်အကျိုးရှိသောဧရိယာများတွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Vietnam Plus