Main menu

Chongqing(ထျန်းကျင်း)မြို့ နွေရာသီကာလ အပျော်စီးသင်္ဘောခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိ

Powered by Drupal

            Adora Mediterranea အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘောသည် ဇူလိုင် ၂၃ ရက်တွင် ခရီးသည် ၁,၆၀၀ ဦးခန့်တင်ဆောင်လျက် တရုတ်နိုင်ငံ၊ Chongqing(ထျန်းကျင်း)မြို့ အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘောပင်မဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။ ထို့နောက် ခရီးသည် ၁,၅၀၀ ကျော်ကို တင်ဆောင်လျက် တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးနှင့် ဂျပန်နိုင်ငံ ဆာဆဲဘိုးသို့ ဦးတည်ထွက်ခွာခဲ့ပြီး အပျော်စီးသင်္ဘောခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှစတင်၍ Chongqin(ထျန်းကျင်း)မြို့ အပျော်စီးသင်္ဘောဆိပ်ကမ်းတွင် နယ်စပ်ဖြတ်ကျော် ခရီးသွားလာသူ စုစုပေါင်း ၄၀,၀၀၀ နီးပါးနှင့် အပျော်စီးသင်္ဘော ၁၆ စင်းကို စစ်ဆေးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပျမ်းမျှ ၁၇ ရာခိုင်နှုန်း တိုးတက်မှုရှိလာကြောင်း Chongqing (ထျန်းကျင်း)နယ်စပ်စစ်ဆေးရေးစခန်းချုပ်မှ ထုတ်ပြန်ထားသည်။

DOCA(ရန်ကုန်)

Source: Xinhua