Main menu

EU အနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင် အကျိုးစီးပွားများကို ထိခိုက်အောင် လုပ်ဆောင်ခြင်းအား ရပ်တန့်ရန် တရုတ်နိုင်ငံ တိုက်တွန်း

Powered by Drupal

               ဥရောပသမဂ္ဂ (EU) အနေဖြင့် မှန်ကန်သောအကြောင်းရင်းမရှိဘဲ တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အကျိုးစီးပွားများကို ထိခိုက်အောင်လုပ်ဆောင်ခြင်းအား ရပ်တန့်ရန် တိုက်တွန်းခဲ့ပြီး ယင်းတို့၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် အတွက်လိုအပ်သော အစီအမံများကို လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းရာတွင် “နိုင်ငံတကာ ဥပဒေတွေကို အခြေခံခြင်းမရှိသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ခွင့်ပြုထားခြင်းမရှိတဲ့ တစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တရုတ်နိုင်ငံအနေနဲ့ အစဉ်တစိုက်ဆန့်ကျင်ကန့်ကွက်ကြောင်း အလေးအနက်ပြောကြားလိုပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ယူကရိန်း အကျပ်အတည်းနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အထောက်အကူပေးရန် ကတိကဝတ်ပြုကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံများအား လူသေဆုံးစေနိုင်သော လက်နက်များကို ဘယ်သောအခါမှ ထောက်ပံ့ခဲ့ခြင်းမရှိ ကြောင်း၊ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းကိရိယာများ တင်ပို့မှုအပေါ် တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းများအကြား ပုံမှန်ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ကြားဝင်စွက်ဖက်ခြင်း သို့မဟုတ် ထိခိုက်အောင်လုပ်ဆောင်ခြင်း မပြုသင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Source: Xinhua