Main menu

ကမ္ဘောဒီးယားနိုင်ငံတွင် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့မှုကို အထက်လွှတ်တော် ဥက္ကဋ္ဌ ထောက်ခံ

Powered by Drupal

           ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ Mr.Hun Sen က ကမ္ဘောဒီးယားတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရေးအတွက် အပြည့်အ၀ထောက်ခံကြောင်း အထက် လွှတ်တော် နန်းတော်၌ ဂျပန်နိုင်ငံ၊ MinebeaMitsumi Inc. ၏ ဥက္ကဋ္ဌ Yoshihisa Kainuma နှင့် ၂၃-၇-၂၀၂၅ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ Hun Sen သည် လွန်ခဲ့သည့် ၁၄ နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံအတွင်း ဂျပန်နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုတွင် ၎င်း၏အောင်မြင်မှုများကို  ချီးကျူးဂုဏ်ပြုခဲ့ပြီး ကုမ္ပဏီသည် နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ထောက်ပံ့သူဖြစ်လာကြောင်း မှတ်ချက်ပြုခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် Yoshihisa Kainuma က ကုမ္ပဏီ၏နောက်ဆုံးပေါ်ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များနှင့်ပတ်သက်ပြီး စဉ်ဆက် မပြတ်ပံ့ပိုးကူညီမှုများအတွက် ကမ္ဘောဒီးယားအစိုးရအား ကျေးဇူးတင်ရှိကြောင်းနှင့် ၂၀၂၆ ခုနှစ် တွင်နိုင်ငံတကာဈေးကွက်သို့ မိတ်ဆက်မည့်ကုန်ပစ္စည်းအသစ်များ ထုတ်လုပ်သည့် အကြီးစား စက်ရုံကို Pursat ပြည်နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Kainuma က ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ကို ပိတ်လိုက်ထားခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများကိုထုတ်ဖော်ပြောကြားခဲ့ပြီး ကုမ္ပဏီ၏နယ်စပ်ဖြတ်ကျော် ထုတ်လုပ်မှု ကွင်းဆက်အတွက် စိန်ခေါ်မှုများရှိလာနိုင်ကြောင်း ဆက်လက်ရှင်းပြခဲ့သည်။ နယ်စပ်ပိတ်ရေး ကိစ္စနှင့်ပတ်သက်၍ Mr.Hun Sen က နယ်စပ်ဖြတ်ကျော် လည်ပတ်နေသော နိုင်ငံခြားကုမ္ပဏီများ၏ ထောက်ပံ့ရေးကွင်းဆက်များကို အဆင်ပြေချောမွေ့စေရန်အတွက် အသွင်ကူးပြောင်းရေး အစီအမံများကို ထည့်သွင်းစဉ်းစားသင့်ကြောင်း အကြံပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Source: Khmer Times