
ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦး ၊ စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊ ဒေါ်ခင်ခင်အေး (ဌာနခွဲစာရေး)၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်မာဌေး (ဦးစီး မှူး)၊ ဒေါ်ယုယုလွင်(ကြီး/ရေး) တို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတာဝန်ခံ ဦးစိုးနိုင်နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၃.၇.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ အသား၊ ငါးများ၏ ဈေးနှုန်းများဈေးကွက်အတွင်း ဝင်ရောက်မှု အခြေအနေတို့ကို ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် အသား၊ ငါးများမှာ မွေးမြူရေးကြက်၊ မြန်မာကြက်၊ ဝက်သား၊ ဘဲသား၊ ဆိတ်သား၊ အမဲသား၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ရေချို၊ မွေးမြူရေးငါးခူ၊ ပုဇွန်ထုပ်(ကြီး)၊ ပုဇွန်ထုပ်(လတ်)၊ ငါးရံ့၊ ငါးကျည်း၊ ပုဇွန်ခြောက် (ကြီး)၊ ပုဇွန်ခြောက်(လတ်)၊ ပုဇွန်ခြောက် (သေး)၊ ငါးရံ့ခြောက် ၊ ငါးကျည်းခြောက်၊ အာဗြဲခြောက် တို့ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)