Main menu

မင်္ဂလာဒုံစက်မှုဇုန်ရှိ Sunkit စက်ရုံသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

       (၂၃.၇.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အမှတ်(၁၅၁)၊ (၁၀)လမ်း၊ ဇေကမ္ဘာ ဝင်း၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ Sunkit အချိုရည်စက်ရုံသို့ ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထို့သို့ကွင်းဆင်းလေ့လာရာတွင် Sunkit အချိုရည်စက်ရုံမှ တာဝန်ခံနှင့်တွေ့ဆုံကာ Sunkit တံဆိပ်ဖြင့် စပါကလင်၊ လိမ္မော်၊ လီမွန်နိတ်၊ စပျစ်အချိုရည်ထုတ်လုပ်လျက်ရှိပြီး တစ်မျိုးလျှင် (၃၅၀) မီလီမီတာမှ (၁.၅)လီတာဗူးများ ထုတ်လုပ်လျက်ရှိရာ တစ်နေ့လျှင် တစ်မျိုးစီ (၃၃၀)မှ (၅၀၀)ဗူး ထုတ်လုပ်ကာ ပြည်တွင်းအနှံ့အပြားပို့ဆောင်ရောင်းချလျက်ရှိ ကြောင်း ယခုအခါစက်ရုံတွင် ဝန်ထမ်း အင်အား(၁၀၁)ဦး၊ မ(၄၁)ဦးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)