Main menu

ဖျာပုံမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံ-ကျိုက်လတ် ကားလမ်းမပေါ်ရှိ စားသောက်ဆိုင် (၂) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော စားသောက်ဆိုင်များရှိ စားဖိုဆောင်များတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထားရှိသော စားသောက်ကုန် ပစ္စည်းများလုံခြုံစွာ ဖုံးအုပ်ထားရှိမှုအခြေအနေ၊ အစားအစာများ ချက်ပြုတ်ရာတွင် အသုံးပြုသော အိုး၊ ခွက်၊ ဇွန်း၊ ခရင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အသား/ ငါးများကို လှီးဖြတ်ရာတွင် အသုံးပြုသော စဉ့်နှီးတုံးများအား ဆေးကြော၍ စနစ်တကျထားရှိကြရန်နှင့် ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ယင်ကောင်ကြောင့် ဖြစ်သော ဝမ်းပျက်/ ဝမ်းလျှော ကာလဝမ်း ရောဂါများ ဖြစ်ပွားမှုမရှိစေရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

DOCA(ဧရာဝတီ)