Main menu

စားသုံးဆီ လက်လီ၊ လက်ကား  ဖြန့်ဖြူးရောင်းချနေသည့် ကိုယ်စားလှယ်များအား စားသုံးဆီ ဖြန့်ဖြူးမှု ကြီးကြပ်သည့် ( Software ) အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ် အသုံးပြုနည်းသင်တန်းပေးခြင်း

Powered by Drupal

                   ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် ကျုံပျော်ခရိုင်အတွင်း မြို့နယ်များရှိ စားအုန်းဆီသတ်မှတ်စျေးဖြင့် ရောင်းချဖြန်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကျုံပျော်မြို့နယ်မှ လက်လီရောင်းချသူ (၁၆၉) ဦးသို့ (၂၁.၇.၂၀၂၅) ရက်နေ့တွင် လည်းကောင်း၊ ရေကြည်မြို့နယ်မှ လက်လီရောင်းချသူ ( ၉၃ ) ဦးနှင့် ကျုံပျော်ခရိုင်အတွင်း လက်ကား ဆီကိုယ်စားလှယ် (၁၀)ဦးသို့ (၇.၇.၂၀၂၅) ရက်နေ့တွင်လည်းကောင်း၊ ကျောင်းကုန်းမြို့နယ်မှ လက်လီရောင်းချသူ (၁၁၁)ဦးသို့ (၈.၇.၂၀၂၅) ရက်နေ့တွင်လည်းကောင်း Capital Connect Co;Ltd ၏ တာဝန်ရှိသူများမှ EOS စနစ် အသုံးပြုရာတွင် လိုအပ်သောစနစ်ထည့်သွင်းခြင်းနှင့် စနစ်အသုံးပြုနည်းသင်တန်းပေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)