
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များ၌ ရောင်းချသော အသင့်စား မုန့်အမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချသော မုန့်များတွင်ရက်လွန်ခြင်း၊ မှိုတက်ခြင်းများ ရောင်းချမှု ရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကို လိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သက်တမ်းလွန် ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်စသည်တို့ကိုအသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)