Main menu

ဒေးဒရဲမြို့  ပြန်/ဆက်ရုံးတွင် online sale အကြောင်းအရာနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးTalk Show ဆောင်ရွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ ပြန်/ဆက်ရုံး၌၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် စာဖတ်ပြည်သူ(၁၂)ဦးအား online sale အကြောင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး အသိပညာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အကာအကွယ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခြင်း၊  စားသုံးကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်စားသုံးသင့်ကြောင်း၊ online မှ အရောင်းအဝယ် ဆောင်ရွက်ရာတွင် online မှတ်ပုံတင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ရန်လိုအပ်သည့် အချက်များအားပြောခြင်း၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးများရှိပါက လူကိုယ်တိုင် သော်လည်းကောင်း၊ ဆက်သွယ်ရေးနည်းလမ်းမှသော်လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့်  call center 1535  မှလည်း ခေါ်ဆိုတိုင်ကြားသည်ကို ပြောကြားခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)