Main menu

ဖျာပုံမြို့၊တပ်မြေ အ.မ.က (၁)ကျောင်းရှိ ကျောင်းသား/သူ များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၅ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့ မနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ တပ်မြေ အမက(၁)ကျောင်းရှိ ကျောင်းသူ/သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူယဉ်ကျေးမှု ထွန်းကားစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကျောင်းဟောပြောပွဲများ၊ လုပ်ငန်းရှင်ဟောပြောပွဲများ၊ ပြည်သူလူထုသို့ အသိပညာပေးဟောပြော ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယခုအခါတွင်လည်း အမက(၁)ရှိ ကျောင်းသူ/သားများအား စားသုံးသူအခွင့်အရေးနှင့်တာဝန်များကို သိရှိစေရန်ရည်ရွယ်ပါသည်။ထို့နောက် ကျောင်းသား/သူများ အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာ (သို့)အခြားဘာသာ တစ်ခုထက်ပို၍ ဖော်ပြထားသော ကုန်စည်များကိုရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကို သေချာလေ့လာဖတ်ရှုကြရန် အသိပညာပေး ဟောပြောခဲ့ပါသည်။စား သုံးသူများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/ မြို့နယ်များတွင်ဖွင့် လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းရှိ ရောင်းချနေသော မုန့်များကိုပါ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA  ဧရာဝတီ)