Main menu

ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား ခေါ်ယူတွေ့ဆုံခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား (၁၁.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံမှ ခေါ်ယူတွေ့ဆုံ၍ စားအုန်းဆီထုတ်ယူမှုကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊ ဗွီနိုင်းချိတ်ဆွဲထားရှိနိုင်ရန်လည်းကောင်း၊ ခွဲတမ်းရရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်းရှိ/ မရှိ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆီကိုယ်စားလှယ်များအား လက်လီ/လက္ကားရောင်းချနေသော ဆိုင်များတွင် ခွဲတမ်းရရှိသောစားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဗွီနိုင်းချိတ်ဆွဲထားရှိကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချ ကြရန်၊ မိမိတို့ရောင်းချမှုနှင့်ပတ်သက်၍ လုပ်ငန်းဆောင်တာများကိုလည်းတင်ပြကြရန်၊ စားအုန်းဆီ စာရင်းများကိုလည်း နေ့စဉ်ပုံမှန်တင်ပြကြရန်၊  ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားပြီးစားအုန်းဆီ လက်လီ/လက္ကားရောင်းချနေမှု အခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီ ဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့အနေဖြင့် စားသုံးသူ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီကိုယ်စားလှယ်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA (ဧရာဝတီ)