Main menu

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ရပ်ကွက်ရှိ ရွှေထိပ်တန်းမုန့်မျိုးစုံလုပ်ငန်းတွင် ရောင်းချနေသောမုန့်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၈.၇.၂၀၂၅) ရက်နေ့ နေ့လယ် (၀၁:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိရွှေထိပ်တန်းမုန့်မျိုးစုံလုပ်ငန်းတွင် ရောင်းချနေသော မုန့်များအားဈေးကွက်မရောက်မီ ကုန်ညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိ ရွှေထိပ်တန်း မုန့်မျိုးစုံလုပ်ငန်းတွင်  ရောင်းချနေသော မုန့်များတွင် ကုန်ညွန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံ လုပ်ငန်းရှင်များအားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)