
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ဦးဌေးအောင်ဆီစက် လုပ်ငန်းရှိသောကြောင့် လုပ်ငန်းခွင်သို့ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ရာ ဦးဌေးအောင် ဆီစက်လုပ်ငန်းသည် နှစ်ပေါင်း ၃၀ ခန့်မှလုပ်ကိုင်လာသော မိရိုးဖလာလုပ်ငန်းဖြစ်ကြောင်း သိရသည်။
ဆီစက်လုပ်ငန်းသည် အရင်ကမိမိဒေသမှကုန်ကြမ်းရသောကြောင့် တနှစ်ပတ်လုံးစက်လည်ပတ်နိုင်သော်လဲ ယခုအခါ ပြည်၊ အောင်လံမှ မြေပဲဆံများဝယ်ယူ၍ ကြိတ်ခွဲရကြောင်း သိရသည်။ ဆောင်သီးနှံ ဒေသထွက် ဆီထွက်သီးနှံများကို နဝရီကိုလဲကြိတ်ခွဲကြောင်းလဲသိရသည်။ ဆီစက်လုပ်ငန်းမှ တစ်နှစ်ကို ပိဿာ ၃၀၀ ခန့်ကြိတ်ခွဲနိုင်ပြီး ကြိတ်ခအနေနဲ့...ပဲဖက် နှမ်းဖက်ကိုသာ ဝန်ဆောင်ခအနေနဲ့ယူကြောင်းလုပ်ငန်းရှင်ထံမှ သိရသည်။ ယခုအခါတွင် .၁ပိဿာ ၂ ပိဿာ ၅၀ သား လဲရောင်းပေးလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ လိုင်စင်အစုံလဲရှိကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် မြေပဲဆီ ၁ပိဿာလျှင် ငွေကျပ် ၂၁၀၀၀ကျပ်၊ နှမ်းဖတ်ဆီ ၁ပိဿာ ၁၆၀၀၀ကျပ်ဖြင့် (၂၁-၇-၂၀၂၅) ရက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)