Main menu

ကန့်ဘလူမြို့သရေစာဈေးကွက်ရှိ နို့မလိုင်လုံးနှင့် အုန်းမှန်ကူဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် သရေစာမလိုင်လုံးနှင့် အုန်းမှန်ကူများ ရောင်းချလျက်ရှိရာ မလိုင်လုံးလက်လီ(၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ မလိုင်လုံး လက္ကား(၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ မလိုင်လုံး(၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် တို့ဖြင့်လည်း ကောင်း၊ အုန်းမှန်ကူလက်လီ(၁)ပိဿာ(၉၀၀၀)ကျပ်၊ လက္ကား(၁)ပိဿာ(၈၀၀၀)ကျပ်နှင့် တစ်ထုတ် လျှင်(၈၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ သရေစာမလိုင်လုံးနှင့် အုန်းမှန်ကူများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ လူကြိုက်များသော သရေစာဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)